Tuesday, June 20, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၏ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၏
အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနား အား
(၂၀-၆-၂၀၁၇) ရက်နေ့  နံနက်(၀၈:၀၀) နာရီအချိန် တွင်
အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးသက်လွင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ဖွင့်လှစ်ခဲ့ကာ
လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှအဖွင့်အမှာစကားပြောကြားခဲ့သည်။






















Sunday, June 18, 2017

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်ထူးချွန်စွာအာင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း

၂၀၁၆-၂၀၁၇ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) 
တွင်ပညာသင်ကြားကာတက္ကသိုလ်ဝင်တန်းစာမေးပွဲအာင်မြင်ခဲ့သည့် 
သင်တန်းသား(၂)ဦး၊ သင်တန်းသူ(၄)ဦး နှင့်
 ဘောဂဗေဒဘာသာရပ်တွင် ဂုဏ်ထူးရရှိခဲ့သည့် သင်တန်းသူ(၁)ဦး တို့ အား
 ကျောင်းအုပ်ကြီးမှ တွေ့ ဆုံ ၍ ဂုဏ်ပြုအမှာစကားပြောကြားပြီးကာ
 အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့သည်။








Wednesday, June 7, 2017

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သော 9th ASEAN SCHOOLS GAMES တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင်တက်ရောက်နေသာ သင်တန်းသား/သူမှာမှ ဆုအသီးသီးဆွတ်ခူးရရှိ

စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သော 
9th ASIAN SCHOOLS GAMES  တွင်
 အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင်တက်ရောက်နေသော
 သင်တန်းသား/သူမှားမှ ၀င်ရောက်ယှဉ်ပြိုင်ကာ 
 ပြေးခုန်ပစ်အမျိုးသားတာလတ်မီတာ(၃၀၀၀) အားကစားနည်းတွင် 
သင်တန်းသား မိုင်းကျော်ထွန်းမှ စံချိန် ၉:၀၇:၃၅ ဖြင့် တတိယဆု၊
 သင်တန်းသား မိုင်းညီညီမိုး မှ ပြေးခုန်ပစ်အမျိုးသား မီတာ(၅၀၀၀)လမ်းလျှောက်တွင် 
၂၃:၃၅:၁၆ ဖြင့် တတိယဆု၊ 
သင်တန်းသူ မဇင်မေထက် မှ ပြေးခုန်ပစ်အမျိုးသမီး မီတာ(၃၀၀၀) လမ်းလျှောက်တွင်
 ၁၆:၀၂:၆၄ ဖြင့် တတိယဆု ဆုများ အသီးသီးရရှိခဲ့ကြသည်။
(၇.၆.၂၀၁၇)