Saturday, February 24, 2018

အာဆီယံအသက်(၁၈)နှစ်အောက် သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲအတွက် ရွေးချယ်ခံရသည့် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) တွင်တက်ရောက်လျက်ရှိသော သင်တန်းသူ(၂)ဦးတို့ အား ကျောင်းအုပ်ကြီးမှ တွေ့ဆုံဂုဏ်ပြုစကားပြောကြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပသော 
အာဆီယံအသက်(၁၈)နှစ်အောက် သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲတွင်
 မြန်မာ့လက်ရွေးစင်အသက်(၁၈)နှစ်အောက် သဲသောင်ပြင်ဘော်လီဘောအားကစားသမား
အဖြစ်  ရွေးချယ်ခံရသည့် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) တွင်တက်ရောက်လျက်ရှိသော
သင်တန်းသူ(၂)ဦးတို့ အား ကျောင်းအုပ်ကြီးမှ တွေ့ဆုံဂုဏ်ပြုစကားပြောကြားပြီး၊
 ဆက်လက်ကြိုးစားသွားရန် တိုက်တွန်းမှာကြားခဲ့သည်။
(၂၄.၂.၂၀၁၈)









Monday, February 19, 2018

အခြေခံ/အဆင့်မြင့် သိုင်းသင်တန်းအား အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) တွင် ဖွင့်လှစ်သင်ကြား

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့သိုင်းပညာများ ဖွင့်ဖြိုးတိုးတက်စေရန်
ရည်ရွယ်ဖွင့်လှစ်သည့်  အခြေခံ/အဆင့်မြင့် သိုင်းသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို 
၁၉.၂.၂၀၁၈ နေ့ရက်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) တွင်ကျင်းပဖွင့်လှစ်ပြီး
 မြန်မာ့သိုင်းပညာရပ်များကို မြန့်မာသိုင်းပညာရှင်ကြီးများမှ
 ကျောင်းသား၊ကျောင်းသူများအား သင်ကြားပို့ချပေးခဲ့သည်။






Sunday, February 18, 2018

ဆရာတော်၊သံဃာတော်များမှ သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များတွင် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ် ခဲ့ကြသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များတွင် 
၁၈.၂.၂၀၁၈ နေ့၌ ဆရာတော်၊သံဃာတော်များပင့်ဖိတ်ကာ
အန္တရာယ်ကင်းပရိတ်တရားတော်များကို  ရွတ်ဖတ် သရဇ္ဈာယ် ခဲ့ကြသည်။ 








Wednesday, February 14, 2018

အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၄)ကျောင်း ပြိုင်ပွဲတွင် စံချိန်သစ်များ တင်နိုင်ခဲ့သူများအား ကျောင်းအုပ်ကြီးမှ ဂုဏ်ပြုချီးမြှ့င်ငွေများဖြင့်ချီးမြင့်ဂုဏ်ပြု

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ 
အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၄)ကျောင်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင်
စံချိန်သစ်များ တင်နိုင်ခဲ့သော
 အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင်တက်ရောက်လျက်ရှိသည့်
 ပြေးခုန်ပစ်အားကစားနည်းမှ သင်တန်းသား၊ သင်တန်းသူများအား 
အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဂုဏ်ပြုချီးမြှ့င်ငွေများကို
 ကျောင်းအုပ်ကြီးမှချီးမြင့်ခဲ့သည်။
(၁၄.၂.၂၀၁၈)





Saturday, February 10, 2018

(၇၁)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ဂုဏ်ပြုဆုချီးမြှင့်ခံရသည့် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ထူးချွန်အားကစားသမားများအား KBZ Bank Co.Ltd မှ မွေးနေ့ ကိတ်များဖြင့် လာရောက်ဂုဏ်ပြု

(၇၁)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့  အခမ်းအနားတွင် 
ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ဂုဏ်ပြုဆုချီးမြှင့်ခံရသည့် 
အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ထူးချွန်အားကစားသမားများအား
 KBZ Bank Co.Ltd မှ ၁၀-၂-၂၀၁၈ နေ့နံနက်တွင်ဂုဏ်ပြုကိတ်မုန့်များဖြင့်
အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့လာရောက်ကာ ဂုဏ်ယူဝမ်းမြောက်စွာ
 လာရောက်ဂုဏ်ပြုခဲ့သည်။





Wednesday, February 7, 2018

(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ထူးချွန်သော သင်တန်းသား၊ သင်တန်းသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ဆုများချီးမြင့်

(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကို
 တောင်ကြီးမြို့၊ ပြည်နယ်အားကစားရုံတွင် ၇-၂-၂၀၁၈ နေ့ရက်တွင်ကျင်းပရာ 
အခမ်းအနားတွင်အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ 
ထူးချွန်သော သင်တန်းသား၊ သင်တန်းသူများအား
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ဆုများချီးမြင့်ခဲ့ကြသည်။