Tuesday, March 29, 2022

                           အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

                             အားကစားနှင့်ကာယပညာဦးစီးဌာန

                      အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် 

                     တက်ရောက်လိုသူများ သိရှိရမည့် အချက်များ

  အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် အားကစားနည်း (၁၀)နည်းဖြင့် 

လေ့ကျင့် သင်ကြားပေးလျက် ရှိပါသည် -

         (၁)     ပြေးခုန်ပစ်        

         (၂)     ဘတ်စကက်ဘော       

         (၃)     လက်ဝှေ့        

         (၄)     ဘောလုံး       

         (၅)     ဂျူဒို    

         ()     ကရာတေးဒို

         ()    ပိုက်ကျော်ခြင်း

        (၈)    စားပွဲတင်တင်းနစ်

        (၉)   တိုက်ကွမ်ဒို

        (၁၀)  ဘော်လီဘော

အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းအတွက် အရည်အချင်းသတ်မှတ်ချက် 

 - အခြေခံပညာ အလယ်တန်း(၇)တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

- အရပ်မှာ အမျိုးသား (၅´¨) ၊ အမျိုးသမီး (၅´¨) ရှိရမည်ဖြစ်ပြီး သတ်မှတ်  

ကိုယ်အလေးချိန်နှင့် သက်ဆိုင်ရာ အားကစားနည်းကို ကျွမ်းကျင်မှုရှိရမည်။

သင်တန်းသား ခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်း

အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)အတွက်လိုအပ်သောသင်တန်းသားများ
အား သက်ဆိုင်ရာခရိုင်အလိုက် လူရွေးချယ်ရေးအဖွဲ့များမှ အောက်ဖော်ပြပါ 
အစီအစဉ်များ အတိုင်း ရွေးချယ်သွားမည်ဖြစ်ပြီး အပြီးသတ်ရွေးချယ်မှုကို
  ဧပြီလ (နောက်ဆုံးပတ်)၌ ဆောင်ရွက် သွားမည် ဖြစ်ပါသည်-
၂၀-၄-၂၀၂၂ ၂၂-၄-၂၀၂၂ တောင်ကြီး-ကျောက်မဲ  
၂၂-၄-၂၀၂၂ ၂၃-၄-၂၀၂၂ ကျောက်မဲ-လားရှိုး
၂၃-၄-၂၀၂၂ ၂၅-၄-၂၀၂၂ လားရှိုး-မူဆယ်
၂၆-၄-၂၀၂၂ - မူဆယ်-တောင်ကြီး
၂၂-၄-၂၀၂၂ ၂၄-၄-၂၀၂၂ တောင်ကြီး-ကျိုင်းတုံ  
၂၄-၄-၂၀၂၂ ၂၅-၄-၂၀၂၂ ကျိုင်းတုံ-တာချီလိတ်
၂၆-၄-၂၀၂၂ - တာချီလိတ်-တောင်ကြီး
၂၇-၄-၂၀၂၂ - တောင်ကြီး-ပင်းတယ  
၂၇-၄-၂၀၂၂ ၂၈-၄-၂၀၂၂ ပင်းတယ-ကလော
၁၀ ၂၉-၄-၂၀၂၂ ၃၀-၄-၂၀၂၂ ကလော-ညောင်ရွှေ
၁၁ ၁-၅-၂၀၂၂ - ညောင်ရွှေ-တောင်ကြီး
၁၂ ၂၇-၄-၂၀၂၂ - တောင်ကြီး-လွိုင်လင်  
၁၃ ၂၇-၄-၂၀၂၂ ၂၈-၄-၂၀၂၂ လွိုင်လင်-လဲချား
၁၄ ၂၈-၄-၂၀၂၂ ၂၉-၄-၂၀၂၂ လဲချား-လင်းခေး-တောင်ကြီး
၁၅ ၂-၅-၂၀၂၂ - တောင်ကြီး-ပင်လောင်း  
၁၆ ၃-၅-၂၀၂၂ ၄-၅-၂၀၂၂ ပင်လောင်း-ဖယ်ခုံ
၁၇ ၄-၅-၂၀၂၂ - ဖယ်ခုံ-ပင်လောင်း-တောင်ကြီး

သင်တန်းဝင်စစ်ဆေးမှု 

အားကစားနည်းအလိုက် ကျွမ်းကျင်မှု၊ ကြံ့ခိုင်စွမ်းရည်နှင့် ကျန်းမာရေးဆိုင်ရာ 

စစ်ဆေးမှုများ အပြင် ပညာအရည်အချင်း အထောက်အထား စစ်ဆေးမှုများ

 ပြုလုပ်မည်။

သင်တန်းတက်ရောက်လျှင် ရရှိမည့် အခွင့်အရေး

သင်တန်းတက်ရောက်ခွင့် ရရှိပါက နေထိုင်၊ စားသောက်ရေး၊ ကျန်းမာရေး ကိစ္စအဝဝနှင့် အောက်ပါအခွင့်အလမ်းများအား နိုင်ငံတော်မှ တာဝန်ယူမည်-

· နေ့စဉ် ကျန်းမာရေး အာဟာရပြည့်ဝစေသော စနစ်ဖြင့် ကျွေးမွေးခြင်း

 လစဉ်ထောက်ပံ့ကြေး( အထက်တန်း၊ အလယ်တန်း) (၁၀၀၀၀/-)(ထက်) ၊ (၈၀၀၀/-)(လယ်)

· အားကစားနည်းအလိုက် လိုအပ်သည့် အားကစားဝတ်စုံနှင့် 

  အထောက်အကူပြုပစ္စည်းများ

· အိပ်ရာသုံးပစ္စည်း

· ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ

·အားကစားနည်းအလိုက် လေ့ကျင့်ရေး ၊ ပြိုင်ပွဲသုံးဝတ်စုံနှင့် 

အထောက်အကူပြု ပစ္စည်းကိရိယာများ ထောက်ပံ့သည်။

သင်တန်းစည်းကမ်းချက်

သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျောင်းမှချမှတ်ထားသော အောက်ဖော်ပြပါ စည်းကမ်းများအား လိုက်နာရမည်-

၁။  လေ့ကျင့်ရေး စည်းကမ်း

၂။  အိပ်ဆောင်/ နေထိုင်မှု စည်းကမ်း

၃။  စားရိပ်သာ စည်းကမ်း

 

သင်တန်းသား/သူများ၏ တစ်နေ့တာ အချိန်ဇယား

သင်တန်းသား/သူများ နံနက်ပိုင်း Training လေ့ကျင့်နေမှု

သင်တန်းသား/သူများ နံနက်ပိုင်း Training လေ့ကျင့်နေမှု

သတ်မှတ်အားကစားနည်းအလိုက် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်နေမှု

သတ်မှတ်အားကစားနည်းအလိုက် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်နေမှု

အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း နံနက်ပိုင်း နိုင်ငံတော် အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း










 

အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း နံနက်ပိုင်း နိုင်ငံတော် အလံ  အလေးပြုခြင်း ၊ နိုင်ငံတော်သီချင်း သီဆိုခြင်း

အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် သင်တန်းသား/သူများ 
                                                   ပညာသင်ကြားနေမှု
                           
အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် သင်တန်းသား/သူများ 
                                                   ပညာသင်ကြားနေမှု



သင်တန်းသား/သူများ စားရိပ်သာတွင် စားသုံးနေမှု

သင်တန်းသား/သူများ စားရိပ်သာတွင် စားသုံးနေမှု

သင်တန်းသား/သူများ ညနေပိုင်း Training  စုပေါင်းလေ့ကျင့်နေမှု

သင်တန်းသား/သူများ ညနေပိုင်း Training  စုပေါင်းလေ့ကျင့်နေမှု


                             သင်တန်းသား/သူများ Night Study သင်ကြားနေမှု
သင်တန်းသား/သူများ Night Study သင်ကြားနေမှု

သင်တန်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှု


                သင်တန်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှု
သင်တန်းသား/သူ အိပ်ဆောင်


                                        သင်တန်းသား/သူ အိပ်ဆောင်

    နိုင်ငံတော်အတွက် အားထားရသော လူငယ်လူရွယ်များအား အားကစား၊ ပညာရေးနှင့် ကိုယ်ရည်ကိုယ်သွေး ထူးချွန်ထက်မြက်သောသူများ ဖြစ်လာစေရေးအတွက် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)မှ ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်းအသိပေးအပ်ပါသည်။

 






































 


 
























     















































 
















 












 
















 












 




























































·

· 



 


 

 

 

 

 

 

 

 

 

 





-